မြန်မာ-ကိုရီးယားချစ်ကြည်ရေး
(ဒလ) တံတား မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးတော့မည်
ဇူလိုင် (၁၆) ရက်။
Myanmar Property Dealer
မြန်မာ-ကိုရီးယားချစ်ကြည်ရေး
(ဒလ) တံတား မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးတော့မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
သိရပါတယ်။
အဆိုပါတံတားက တန်ချိန် ၁၅၀၀၀
ရှိတဲ့ပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ တံတားအောက်ကနေ
ဖြတ်သန်းသွားလာနိုင်အောင် တံတားကင်းလွတ်အမြင့် ပေ ၁၆၀၊ အကျယ် ၉၉၈ ပေထားရှိပြီး ချဉ်းကပ်တံတားနှင့်
ဆင်ခြေလျှောတံတားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ထားတာဖြစ်တယ်
လို့လည်းသိရပါတယ်။
အဆိုပါရန်ကုန်-ဒလတံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးတို့က ဇူလိုင် ၁၂ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြတာပါ။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး
(ဒလ) တံတား ပြီးသွားပါကရန်ကုန်မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒရဲမှတစ်ဆင့်
ဖျာပုံ၊ ဘိုကလေးမြို့နှင့်ကမ်းခြေဒေသများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသော မြို့နယ်များကို
အလွယ်တကူ ဆက်သွယ်သွားလာနိုင်တော့ မှာဖြစ်ပါတယ်။