Home  / News  / News Details

News Details

ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မဲ့ ဒေါ်လာ ၂ ဘီလီယံတန် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ်

Sep 19, 2025  /

ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မဲ့ ဒေါ်လာ ဘီလီယံတန် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ဖွင့်လှစ်

စက်တင်ဘာ (၂၀)ရက်။

Myanmar Property Dealer

 

ကမ္ဘောဒီးယားနိုင်ငံရဲ့ အခြေခံအဆောက်အအုံနှင့်ခရီးသွားကဏ္ဍအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်မဲ့ ဒေါ်လာ ဘီလီယံတန် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြီးခဲ့တဲ့စက်တင်ဘာလ ရက်နေ့မှာစတင် ဖွင့်လှစ်ခဲ့တာဘဲဖြစ်ပါတယ်။

ယခုအသစ်ဖွင့်လှစ်လိုက်တဲ့လေဆိပ်ဟာ 1959 ခုနှစ်ကတည်းကစတင်လည်ပတ်ခဲ့ တဲ့ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်းမံအဆင့်မြှင့်တင်ခဲ့တာဖြစ်ပြီး ဖနွမ်းပင်မြို့တော်ရဲ့တောင်ဘက် ကီလိုမီတာ ၂၀ အကွာတွင်တည်ရှိ တာဘဲဖြစ်ပါတယ်။

 နှစ်ပေါင်း ၇၀နီးပါးသက်တမ်းရှိပြီဖြစ်တဲ့ဖနွမ်းပင်လေဆိပ်ဟောင်းဟာ အဆောက်အဦသက်တမ်းရင့်ပြီးခေတ်နောက်ကျနေပြီဖြစ်တာကြောင့် ကမ္ဘောဒီးယားအစိုးရနဲ့ပြည်ပရောက်ကမ္ဘောဒီးယားရင်းနှီးမြုပ်နှံမှု Coporationတို့မှပူးပေါင်းပြီး ‘Techo’’ လေဆိပ်အဖြစ်အဆင့်မြှင့်တင်ခဲ့တာဘဲဖြစ်ပါတယ်။

 ယခုအဆင့်မြှင့်တင်မှုကို ဗြိတိသျှ ဗိသုကာကုပ္မဏီတခုဖြစ်တဲ့ Foster and Partner မှဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပြီး  တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းစုတစုဖြစ်တဲ့(CCTEB)မှအကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့တာဘဲဖြစ်ပါတယ်။

 

Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အကျယ်အဝန်းအားဖြင့် ၂၆၀၀ ဟက်တာခန့်ကျယ်ဝန်းတာြဖစ်ပြီး လေယာဥ်ပြေးလမ်းသုံးခုပါဝင်တာြဖစ်ခါ ကမ္ဘာ့အကြီးဆုံးလေယာဥ်အမျိုးအစားဖြစ်တဲ့ Airbus A380 နဲ့ Boeing 747 ပါဆင်းသက်နိုင်တဲ့အထိဆောက်လုပ်ထားတာဘဲဖြစ်ပါတယ်။

  စီမံကိန်းကို အပိုင်းသုံးပိုင်းနဲ့အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပြီး စီမံကိန်းအပိုင်း()ပြီးစီးပါက တနှစ်လျှင် ခရီးသွားဦးရေ ၁၃သန်းအထိဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး ၊အပိုင်း()ပြီးစီးရင်တော့ခရီးသွားဦးရေ သန်း၃၀နဲ့ အပိုင်း() ပြီးစီးရင်တော့ခရီးသွားဦးရေ သန်း၅၀အထိတိုးချဲ့ဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။ လေဆိပ်အဆောက်အဦးပုံစံဟာဆိုရင်လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဥ်ကျေးမှုကိုထင်ဟပ်စေမဲ့ သဘာဝသစ်တောပုံစံမျက်နှာကျက်များနဲ့ခမ်းနားထည်ဝါစွာတည်ဆောက်ထားတာြဖစ်ပြီး လေဆိပ်ခန်းမရဲ့အလယ်မှာတော့ထိုင်တော်မှုဗုဒ္ဓရုပ်ပွားတော်ကိုလည်းထည့်သွင်းထားပါသေးတယ်။

Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာလက်ရှိတွင် ကုန်သွယ်ရေးလေကြောင်းလိုင်း ခုနှင့် ပြည်ပလေကြောင်းလိုင်း ၂၄ခု စုစုပေါင်းလေကြာင်းလိုင်း ၂၈ခုဖြင့်လည်ပတ်လျှက်ရှိတာဘဲဖြစ်ပါတယ်။ ဒါ့အပြင့် အဆင့်မြင့်လေကြောင်းလိုင်းများဖြစ်တဲ့ Singapore Airline, Turkey Airline နဲ့ Etihad Airline တို့မှလည်း ကမ္ဘောဒီးယားနိုင်ငံနှင့်တိုက်ရိုက်ခရီးစဥ်များပြေးဆွဲဖို့ပြင်ဆင်နေတယ်လို့လဲ Khmer Timeရဲ့ဖော်ပြချက်အရသိရပါတယ်။