Home  / News  / News Details

News Details

Smart City မှ AI City အဖြစ်‌ခြေလှမ်းသစ်စတင်နေတဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့

Sep 21, 2025  /

Smart City မှ AI City အဖြစ်ခြေလှမ်းသစ်စတင်နေတဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့

 

စက်တင်ဘာ (၂၁)ရက်။

Myanmar Property Dealer

 

ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တော်ြဖစ်တဲ့ ဖူးခက်မြို့ဟာ အပန်းဖြေမြို့တော်တခုထပ်ပိုတဲ့( Artificial Intelligence (AI) City )စီမံကိန်းကိုအရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မြို့တော်စီမံခန့်ခွဲမှုရဲ့ ကဏ္ဍအသီးသီးကိုလည်း AI စနစ်နဲ့ အကောင်အထည်ဖော်နေတာဘဲဖြစ်ပါတယ်။ 

ဖူးခက် AI City ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို ဖူးခက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) နဲ့ CT Asia Robotics Co Ltd တို့ကြားမှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဖူးခက်မြို့ကို Smart City အဖြစ် အသိအမှတ်ပြုထားပြီးသားဖြစ်ပေမယ့် ကမ္ဘာကြီးက လျင်မြန်စွာပြောင်းလဲနေပြီး မြို့အနေနဲ့လည်း အမြဲတမ်းလိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲဖို့ လိုအပ်ပါတယ်။သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ အမှိုက်နဲ့ ရေဆိုးစွန့်ပစ်ပစ္စည်းတွေ သန့်စင်မှု၊ ပြည်သူ့ကျန်းမာရေးနဲ့ ယာဉ်ကြောစနစ်တွေအပါအဝင် နယ်ပယ်အသီးသီးမှာ ဖူးခက်က AI ခေတ်ထဲကို ရောက်ရှိလာတော့မယ်လို့လည်း ဖူးခက်အုပ်ချုပ်ရေးမှူး ဆိုဖွန် ဆူဝမ်နာရက်က ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးကဏ္ဍမှာလည်း AI ဆေးဘက်ဆိုင်ရာ အထောက်အကူပြုစက်ရုပ်တွေကိုစတင်အသုံးပြုတော့ မှာဖြစ်ပြီး CT Asia Roboticsမှထုတ်လုပ်ထားတဲ့  Dinsaw စက်ရုပ် ရုပ်ကို လာမဲ့နှစ်အစောပိုင်းမှာ Vachira Phuket ဆေးရုံမှာ အသုံးပြုသွားမှာြဖစ်တယ်လို့လဲသိရပါတယ်။

မကြာခင်မှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကလည်း AI အသုံးပြု လေမှုတ်စစ်ဆေးပြီး ကင်ဆာရောဂါရှာဖွေတဲ့စနစ်ကို ဖူးခက်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး AI ဟာ ဖူးခက်ရဲ့ ကမ္ဘာ့အဆင့်မီ ခရီးသွားနေရာတစ်ခုအဖြစ် ရပ်တည်မှုကို ခိုင်မာစေရုံတင်မကဘဲ AI ကိုအခြေခံပြီး ပြောင်းလဲနေတဲ့ ထိုင်းနိုင်ငံရဲ့ စံပြမြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရစေမှာဖြစ်တယ်လို့ မစ္စတာဆိုဖွန်က ပြောပါတယ်။

လမ်းပေါ်က ယာဉ်ကြောတွေကို စီမံခန့်ခွဲဖို့ AI ကို အသုံးပြုနေပြီဖြစ်တဲ့ ဘန်ကောက်နဲ့ ပထုံဌာနီမြို့နှစ်မြို့ကိုလည်း သူက ရည်ညွှန်းပြောဆိုခဲ့ပြီး အဝေးပြေးလမ်းများဦးစီးဌာနကလည်း ဖူးခက်မှာ အလားတူနည်းပညာကို အသုံးပြုနိုင်ဖို့ လေ့လာနေတယ်လို့ Bangkok Post ရဲ့ဖော်ပြချက်အရသိရပါတယ်။

AI ဟာ စွန့်ပစ်ပစ္စည်းနဲ့ ညစ်ညမ်းမှုတွေကို လျှော့ချတာ၊ ကျန်ရှိနေတဲ့အမှိုက်တွေကို အနည်းဆုံးဖြစ်အောင်လုပ်တာ၊ အမှိုက်မပါဘဲ ပြေးဆွဲနေတဲ့ အမှိုက်ကားအရေအတွက်ကို လျော့ကျစေတာနဲ့ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုနိုင်တဲ့နှုန်းတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး AI City Phuket ဟာ ကမ္ဘာပေါ်က သူ့အမျိုးအစားထဲမှာ ပထမဆုံးဖြစ်လာမှာပါလို့ မစ္စတာချာလမ်ပွန်က ပြောပါတယ်။