Home  / News  / News Details

News Details

GSM. Mandalay ရုံးခန်းနေရာသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲကျင်းပ

Jan 14, 2026  /

GSM. Mandalay ရုံးခန်းနေရာသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲကျင်းပ

ဇန်နဝါရီ (၁၄)ရက်။

Myanmar Property Dealer

အိမ်ခြံမြေ နှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်းများကိုအဓိကထားလုပ်ကိုင်ပေးနေတဲ့ မန္တလေးမြို့က  GSM Great Services Mandalay Co.,LTD  ရဲ့ကုမ္ပဏီ ရုံးခန်းနေရာသစ် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၁ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ၁၁၀ /အေလမ်း နှင့် ၅၁လမ်းထောင့်ရှိ GSM ရုံးခန်းသစ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါရုံးခန်းသစ်ဖွင့်ပွဲကို အဆိုတော် ထူးအယ်လင်း၊ ဆွိ၊ ဟိန်းသူအောင်၊ ဖာစီ၊ ဖောင်းတောဘုရင်မ၊ MC စောယုနွယ် တို့ကလည်း တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

ကုမ္ပဏီရုံးခန်းနေရာသစ်ပြောင်းလဲဖွင့်လှစ်ရတာနှင့်ပတ်သက်ပြီး ‘ ‘’နေရေးထိုင်ရေးမှာနေရေးကအရေးကြီးဆုံးပါ ။ဒါကြောင့်လည်းအိမ်ခြံမြေကိုရင်းနှီးမြှပ်နှံချင်တဲ့သူတွေ၊ Developer ဖြစ်ဆောင်ရွက်ချင်တဲ့သူတွေအတွက် ကျွန်တော်တို့ GSMမှာ ဧကအကွက်တွေအများကြီးလည်းရှိပါတယ်။ဒါတွေပေါ်မှာ လာပြီးတော့အကျိုးတူလုပ်ချင်တဲ့သူတွေ၊ မြေပေးမယ် ၊အဆောက်အအုံဆောက်ချင်တဲ့သူတွေအတွက် လည်းနွေးထွေးလှိုက်လှဲစွာဖိတ်ခေါ်ပါတယ်ဆိုတာ ပြောချင်ပါတယ်''ဟုဦးသန့်ဇင်ဦး  (CEO & Founder) GSM Great Services Mandalay Co.,LTD ကဆိုပါတယ်။