Home  / News  / News Details

News Details

မန္တလေးမြို့အနီးဝန်းကျင်က မြေကွက်များအရောင်းအဝယ်ပြန်ရှိလာ

Nov 21, 2025  /

မန္တလေးမြို့အနီးဝန်းကျင်က မြေကွက်များအရောင်းအဝယ်ပြန်ရှိလာ

နိုဝင်ဘာလ (၂၁)ရက်။

Myanmar Property Dealer

 မန္တလေးမြို့အနီးဝန်းကျင် ကျေးရွာများရှိ မြေကွက်များမှာ အရောင်းအဝယ်အချို့ပြန်ရှိလာကာ ဈေးနှုန်းများလည်းမြင့်တက်လာတယ်လို့ ဒေသခံအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှသိရပါတယ်။

အနယ်နယ်အရပ်ရပ်မှနေရပ်စွန့်ခွာသူများရောက်ရှိနေထိုင်လာတာကြောင့် မန္တလေးမြို့တွင် လူဦးရေထူထပ်လာတဲ့ အတွက် မြို့အစွန်အဖျားကျေးရွာများရှိမြေကွက်များ ဝယ်ယူလာကြတာလည်း ဖြစ်ပါတယ်။

"အိမ်ငှားခတွေကဈေးကြီးလာတဲ့အပြင် နှစ်ချုပ်နဲ့ငှားရတာဆိုတော့ မထူးတော့ဘူးဆိုပြီး ရွာတွေဖက် သွားဝယ်ပြီးနေကြတာပေါ့။ အခုရက်ပိုင်းမှာတင် တော်တော်များများအရောင်းအဝယ်ဖြစ်တယ်။ ဈေးကလည်း ချက်ချင်းခုန်တက်သွားတယ်"ဟု အမရပူရမြို့နယ်မှအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှသိရပါတယ်။

လတ်တလောအခြေအနေအရ ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းနှင့် အမရပူရမြို့နယ်များရှိကျေးရွာများမှ မြေကွက်များမှာအများဆုံးအရောင်းအဝယ်ရှိနေကာ နယ်မြေအခြေအနေတည်ငြိမ်မှုနည်းပါးတဲ့ပုသိမ်ကြီး မြို့နယ်မြောက်ဖက်ခြမ်းနှင့်မတ္တရာမြို့နယ်မှ ကျေးရွာမြေများမှာမူအရောင်းအဝယ် အနည်းငယ်သာရှိတယ်လို့လည်းသိရပါတယ်။