လွိုင်ကော်မြို့အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ဖွင့်လှစ်
=========================================
ကယားပြည်နယ် ၊လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီး
ဖွင့်ပွဲမုခ်ဦးအား ဇန်နဝါရီ ၁၄ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက စက်ခလုတ်နှိပ်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။
သီရိမင်္ဂလာဈေးသစ်ကြီး သီရိမင်္ဂလာခန်းမအတွင်းမှာ အမှုဆောင်ချုပ်က
နိုင်ငံတော်အကြီးအကဲ၏မူဝါဒအရ ပျက်စီးမှုများကို မူလထက်ပိုမိုကောင်းမွန်အောင်
ဆောင်ရွက်ခဲ့ကြတဲ့အတွက်လွိုင်ကော်မြို့ကို မြို့သစ်တစ်ခုကဲ့သို့ မြင်တွေ့ခွင့်ရပြီး၊
ယခုလိုဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် တာဝန်ရှိသူများအားလုံးကို
ကျေးဇူးတင်ရှိပါတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၊ ပြည်သူ
ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပြီးလွိုင်ကော်မြို့သည်
ရေခံ၊ မြေခံ ကောင်းမွန်တဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်ပြီး
တိုးတက်အောင် လုပ်ဆောင်မည်ဆိုလျှင် ယခုထက် အဆမတန် တိုးတက်ကောင်းမွန်တဲ့
မြို့တစ်မြို့ဖြစ် လာမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပြီး သီရိမင်္ဂလာဈေးသစ်ကြီးအတွင်း
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်းသိရပါတယ်။