Home  / News  / News Details

News Details

ဒေါ်လာ၁၂.၅ဘီလီယံတန်လေဆိပ်နဲ့အတူအာဖရိကရဲ့ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာမဲ့ အီသီယိုးပီးယားနိုင်ငံ

Jan 16, 2026  /

ဒေါ်လာ၁၂.၅ဘီလီယံတန်လေဆိပ်နဲ့အတူအာဖရိကရဲ့ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာမဲ့ အီသီယိုးပီးယားနိုင်ငံ

 

အီသီယိုးပီးယား နိုင်ငံပိုင်လေကြောင်းလိုင်းသည် ၂၀၃၀ ပြည့်နှစ်အကုန်တွင် အာဖရိကရဲ့ အကြီးဆုံးလေဆိပ်ဖြစ်လာမယ့် ဒေါ်လာ ၁၂. ဘီလီယံတန် တည်ဆောက်ရေးစီမံကိန်းကို အီသီယိုးပီးယားနိုင်ငံဘစ်ရှော့တူ(Bishoftu)မြို့မှာတရားဝင်စတင်လိုက်ပြီဖြစ်တယ်လို့အီသီယိုးပီးယားဝန်ကြီးချုပ်ကဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါလေဆိပ်ဟာ လေးနှစ်တာကာလအတွင်းပထမအဆင့်ဆောက်လုပ်ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည်သန်း ၆၀ ကိုဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး  လုံးဝပြီးစီးသွားပါက နှစ်စဉ် ခရီးသည်ပေါင်းသန်း၁၁၀ကိုဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။

 အဒစ္စအဘာဘာဘိုးလ် အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ နှစ်စဉ်ခရီးသည် ၂၅ သန်းကိုဝန်ဆောင်မှုပေးနိုင်ပြီး မကြာမီကာလအတွင်းတိုးတက်မှုအရှိန်ဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရောက်ရှိတော့မှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

လေဆိပ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်တွင်  အဓိကခရီးသည်ဝင်ပေါက်ကြီး နှစ်ခုရှိမှာဖြစ်ပြီး လေဆိပ်တွင် လေယာဉ်အစင်းပေါင်း၁၈၀စင်းရပ်နားနိုင်မှာြဖစ်တဲ့အပြင် ဟိုတယ်တစ်ခု ပါဝင်ဦးမှာြဖစ်ပြီး ကုန်စည်တန်ချိန်၁ဒသမ၅သန်းကိုစီမံနိုင်မှာဖြစ်တယ်လို့လည်း အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စုမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်စ်ဖင်တက်ဆောက ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ယခုစီမံကိန်းဟာအီသီယိုးပီးယားနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ လေကြောင်းတိုးတက်မှုကိုဆက်လက်ထိန်းသိမ်းရန်နှင့် အာဖရိက၏ ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာစေရေးကိုရည်မှန်းပြီးအကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့လည်းအီသီယိုးပီးယားဝန်ကြီးချုပ်ရဲ့ပြောကြားချက်အရသိရပါတယ်။