လှိုင်သာယာ၊ စက်မှုဇုန်တွေထဲမှာရှိတဲ့
အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်တချို့ အကြိုက်တွေ့လာ
ဩဂုတ်လ ( ၈)ရက်။
Myanmar Property Dealer
လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့
စက်မှုဇုန်တွေထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်များ၊ စီးပွားရေး သမားများက
အကြိုက်တွေ့နေကြတယ်လို့ သိရပါတယ်။
‘’ကျွန်တော်စက်မှုဇုန်တွေအားလုံးလိုက်ပြတော့၊အနော်ရထာစက်မှုဇုန်ကိုပဲကြိုက်တယ်ပြောတယ်။ဘာကြောင့်ကြိုက်တာလဲမေးတော့၊ဧရာဝတီတိုင်းထွက်ပေါက်ဖြစ်တယ်၊ဝင်လွယ်၊ထွက်လွယ်ဖြစ်တယ်။ဒီကနေထွက်သွားရင်လည်းထန်းတပင်၊ရန်ကုန်-ပုသိမ်လမ်း၊ဧရာ၀တီတိုင်း-ဗိုလ်ကလေး-မြင်းကကုန်းတို့ဘက်ဆက်သွားလို့ရတယ်။အဲဒီမှာသူတို့ကဓါတ်မြေဩဇာလုပ်ငန်းလုပ်ချင်တာ၊အနော်ရထာစက်မှုဇုန်ကနေထိန်းချုပ်ထားချင်တာ။ဒါကြောင့်အနော်ရထာစက်မှူဇုန်ထဲမှာဝယ်တယ်ဆိုရင်ဧရာ၀တီတိုင်းရဲ့ထွက်ပေါက်ကုန်စည်တွေကိုချုပ်ကိုင်ထားနိုင်မယ်လေ’’ဟုလည်း
စက်မှုဇုန်အကျိုးဆောင်တစ်ဦးကဆိုပါတယ်။
လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့
စက်မှုဇုန်တွေရဲ့ အားသာချက်တစ်ခုဟာ ဧရာဝတီတိုင်းတစ်ခုလုံးနှင့် လွယ်လင့်တကူ ချိတ်ဆက်နိုင်ပြီး၊ ဧရာ၀တီတိုင်းကနေ
ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ရှိနေသလို၊ အမြန်လမ်းမှတဆင့် အမှတ် (၃)ကားလမ်းမ
ကနေဆင်းလာတဲ့အခါ ၊ ရွေပြည်သာတံတားကို ဖြတ်ကျော်ပြီး
လှိုင်သာယာမြို့နယ်ထဲမှာတဆင့် ဧရာဝတီတိုင်းကို အလွယ်တကူ
ဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်းများလည်း ရှိနေတာဘဲ ဖြစ်ပါတယ်။
‘’အနော်ရထာဇုန်က အားသာချက်အားနည်းချက်တွေကတော့ရှိတာပေါ့နော်။လက်ရှိဇုန်တွေထဲမှာဆိုရင်
အနော်ရထာဇုန်မှာရှိတဲ့ဈေးကအရမ်းကိုတန်နေတယ်။အချက်အချာကလည်းဆုံချက်၃ချက်မှာရှိနေတယ်၊ရန်ကုန်-ပုသိမ်ကားလမ်းမဘေးမှာရှိတယ်။ဌာနဆိုင်ရာစုပေါင်းရုံးအနီးမှာရှိတယ်၊ဒါပေမယ့်
သူ့မှာက infrastructure အရမ်းအားနည်းနေတယ်။လျှပ်စစ်မီးအဆင်မပြေဘူး၊ရေစီးရေလာမကောင်းဘူး၊ဒါတွေကိုသာအချိန်မီပြင်ဆင်ပေးနိုင်မယ်ဆိုရင်
အရမ်းကိုဖွံ့ဖြိုးမဲ့ဇုန်က အနော်ရထာဇုန်ဖြစ်မှာ’’ဟုလည်း ကိုစိုးမိုး (ရွေမြန်မာဒေါ့ကွမ်း)ကဆိုပါတယ်။
ဒါ့အပြင်အနော်ရထာစက်မှုဇုန်ထဲမှာ
ဂိုထောင်ဆောက်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ် ဧရာဝတီတိုင်းနှင့် အထက်ကို
ကုန်စည်စီးဆင်းချင်တယ်ဆိုရင်တော့ အနော်ရထာစက်မှုဇုန်ကို ရွေးချယ်သင့်တယ်လို့လည်း လှိုင်သာယာ စက်မှုဇုန်များကို
အရောင်းအဝယ်လုပ်နေတဲ့ အကျိုးဆောင်များထံက သိရှိရပါတယ်။