ရန်ကုန်အိမ်ခြံမြေစျေးကွက်အရောင်းမအေး၊တန်ဖိုးကြီးမြေကွက်များအရာင်းအဝယ်ဖြစ်နေ
စက်တင်ဘာ (၁၉)ရက်
Myanmar
Property Dealer
ရန်ကုန်အိမ်ခြံမြေစျေးကွက်အေးနေတယ်ဟုအများစုကထင်မြင်နေကြပေမဲ့ လက်ရှိမြေပြင်မှာတော့တန်ဖိုးမြင့်မြေကွက်များအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တဦးရဲ့ ပြောပြချက်အရသိရပါတယ်။
ငလျင်အပြီးကာလမှာအိမ်ခြံမြေစျေးကွက်အရောင်းအဝယ်အေးနေပြီးရန်ကုန်အိမ်ခြံမြေစျေးကွက်မှာတော့ တန်ဖိုးကြီး အဆင့်မြင့် မြေကွက်ကျယ်များနဲ့တန်ဖိုးမြင့်အိမ်ရာများအရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်းက ထိုင်းဘဏ်များမှ မြန်မာနိုင်ငံသားများရဲ့ဘဏ်အကောင့်များကိုပိတ်သိမ်းပြီး မိမိအကောင့်အတွင်းရှိလက်ကျန်ပမာဏကို ၇ရက်အတွင်းအထောက်အထားနဲ့ထုတ်ယူရန် ထုတ်ပြန်ထားရှိတာကြောင့် မြန်မာနိုင်ငံသားအများစုဟာထိုင်းဘဏ်အတွင်းစုဆောင်းထားတဲ့ငွေများကိုအလျင်စလိုပြန်လည်ထုတ်ယူကြပြီး ပြင်တွင်းရင်းနှီးမြုပ်နှံမှုအနေနဲ့အိမ်ခြံမြေကဏ္ဍမှာပြန်လည်ရင်နှီးမြုပ်နှံလာကြတာဘဲဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံရာတွင်လည်းသာမန်အကွက်သေးများထက် အဆင့်မြင့်တန်ဖိုးကြီးအကွက်များမှာအများဆုံးရင်းနှီးမြုပ်နှံကြတဲ့အတွက်စျေးကွက်အတွင်းမှာအရောင်းအဝယ်ဖြစ်နေတာဘဲဖြစ်ပါတယ်။