Home  / News  / News Details

News Details

ပါကစ္စတန်နိင်ငံက မြန်မာနိင်ငံတွင် မြို့ပြနှင့်အိမ်ရာကဏ္ဍ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးဆွေးနွေး

Jan 16, 2026  /

ပါကစ္စတန်နိင်ငံက မြန်မာနိင်ငံတွင် မြို့ပြနှင့်အိမ်ရာကဏ္ဍ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးဆွေးနွေး

ဇန်နဝါရီ ၁၆ ရက်
Myanmar Property Dealer

ပါကစ္စတန်နိင်ငံက မြန်မာနိင်ငံတွင် လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းလည်းဖြစ်ပါတယ်။
မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာဖလှယ်ရေး၊ နည်းပညာအကူအညီ (Technical Assistance) ပေးအပ်နိုင်မည့်ကိစ္စရပ်များတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။