နေပြည်တော်အဆင့်မြင့်အိမ်ရာစီမံကိန်းများအတွက်
ပုဂ္ဂလိကလုပ်ငန်းရှင်များအား
ဖိတ်ခေါ်ထား
ဇန်နဝါရီ
( ၁၅)ရက်။
Myanmar
Property Dealer
နေပြည်တော်မှာ
အဆင့်မြင့်အိမ်ရာစီမံကိန်း
၃ ခုကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက်
စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများကို Expression
of Interest(EOI) တင်သွင်းဖို့
နေပြည်တော်စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ဖိတ်ခေါ်ထားပါတယ်။
အဆိုပါ
အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့
နယ်အတွင်းရှိ သပြေကုန်းရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အနောက်ဘက်၊ အမှတ်(၁) ရဲစခန်းအနီးရှိ မြေဧရိယာ
၈ ဧကခန့်ကို စီမံကိန်းနေရာ ၇ မှာ ၄
ခန်းတွဲ ၄ ထပ်အဆောက်အအုံ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊
ဝဇီရရွှေပြည်လမ်း၏တောင်ဘက်၊
ကြက်စမြုပ် ဘုန်းကြီးကျောင်းအနီး မြေဧရိယာ ၁၆ ဧကခန့်ရှိ စီမံကိန်းနေရာ
(၈) နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ရွှေကြာပင်လမ်း၏ အရှေ့ဘက်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီး မြေဧရိယာ ၁၄ ဧက ခန့်ရှိ
စီမံကိန်းနေရာ (၉) တို့တွင် ၄
ခန်းတွဲ ၆ ထပ် အဆောက်အအုံများ
တည်ဆောက်သွားမှာဖြစ်ပါတယ်။
ယင်းအဆင့်မြင့်အိမ်ရာစီမံကိန်း
၃ ခုကို အလုံးစုံရင်းနှီးမြုပ်နှံတည်ဆောက်ရန်
Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ
(Expression of Interest-EOI) ဖိတ်ခေါ်ထားခြင်းဖြစ်တယ်လို့
သိရပါတယ်။