Home  / News  / News Details

News Details

ငလျင်ဘေးနဲအတူ မြင့်တက်လာတဲ့ ရွှေဈေးတို့ကြောင့် အိမ်ခြံမြေ ဝယ်လိုအားမြင့်တက်လာဟုဆို

Jul 14, 2025  /

ငလျင်ဘေးနဲအတူ မြင့်တက်လာတဲ့ ရွှေဈေးတို့ကြောင့် အိမ်ခြံမြေ ဝယ်လိုအားမြင့်တက်လာဟုဆို

ဇူလိုင် (၁၅) ရက်။

Myanmar Property Dealer

 

 

ငလျင်ဘေးနဲ့အတူ မြင့်တက်လာတဲ့ ရွှေဈေးတို့ကြောင့် အိမ်ခြံမြေ ဝယ်လိုအားမြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

 

အိမ်ခြံမြေဈေးတက်စေတဲ့ အကြောင်းရင်း ၂ ချက်က မန္တလေးငလျင်ရဲ့အကျိုးဆက်က လူတွေ မြေဝယ်ထားမှဆိုတဲ့ အသိဝင်စေပြီး ရွှေဈေးတက်တဲ့အခါ ရွှေရောင်းကာ မြေပြန်ပြောင်းထားကြပြန်တဲ့ဒီ ၂ ချက်ကြောင့် မြေဝယ်လိုအားပြန်ကောင်းလာတယ်လို့ မြင်တယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက အခုလို ပြောပါတယ်။

 

" မြေမှာ ဝယ်လိုအား ၂ မျိုးတွေ့ရတယ်။ နေမယ့်သူတွေရဲ့ ဝယ်လိုအားနဲ့ ရင်းနှီးမြုပ်နှံသမားတွေရဲ့ ဝယ်လိုအား ရှိတယ်။သကြင်္နပြီးပြီးကတည်းက ဒီဝယ်လိုအားနှစ်ခုစလုံးတက်လာတာတွေ့ရတယ်။ မြေဈေးနူန်းက ဖြည်းဖြည်းမှန်မှန် တောက်လျှောက်တက်နေတာဖြစ်တဲ့အတွက် မြေရောင်းပြီးသားလူက အဲဒီရောင်းခဲ့တဲ့နေရာကို ကိုယ်ရောင်းခဲ့တဲ့ဈေးနဲ့ ပြန်ဝယ်လို့ မရနိုင်တော့ဘူး။ အဲဒီအတွက် မြေတကွက်ရောင်းပြီးပြီဆိုတာနဲ့ ကိုယ်ရောင်းထားတဲ့ငွေရဲ့ အနည်းဆုံး သုံးပုံတစ်ပုံလောက်ကို တခြားနေရာမှာ ပြန်ပြီးရင်းနှီးမြုပ်နှံမှ ကိုယ်ရောင်းခဲ့တဲ့မြေနေရာရဲ့ ဈေးတက်သွားတာကို Cover ဖြစ်မယ်။ မြေပြန်မဝယ်ဖြစ်ရင် မြေရောင်းတဲ့သူက အရှုံးပဲလို့ စီးပွားရေးသမားတွေက တွက်တယ်။ မြေမှာက အဝယ်မရှိလည်း ဈေးဆင်းရောင်းတဲ့သူ၊ဈေးလျော့ရောင်းတဲ့သူ နည်းတယ်။ ဒါကြောင့်မလို့ မြေဈေးကျဖို့က ဝယ်လိုအား နှစ်နဲ့ချီပြီးလျော့ကျမှ မြေဈေးကျနိုင်တယ်။ ၂၀၂၄ မှာ မြေဈေးကွက်မှာ ရင်းနှီးမြုပ်နှံမှု လုပ်တဲ့သူတွေနည်းပြီး နေမယ့်သူတွေပဲ ဝယ်ကြတဲ့နှစ်ဖြစ်လို့ မြေဈေး သိပ်မတက်ခဲ့ဘူး။ ရွှေဈေးတောက်လျှောက်တက်ခဲ့လို့ မြေကို လာကြည့်ရုံကြည့်ပြီး ပြန်သွားကြတဲ့သူတွေ များတယ်။ ရင်းနှီးမြုပ်နှံသမားနည်းသွားတဲ့အတွက် မြေဈေးဆက်မတက်နိုင်ပဲ တန့်နေခဲ့တယ်။ အဲဒီအချိန်တုံးက လာဝယ်ကြပါပြောခဲ့ပေမယ့် ဝယ်တဲ့သူ အင်မတန်မှနည်းတယ်။အခု ၂၀၂၅ သကြင်္နအအပြီးမှာ နေမယ့်သူရော၊ ရင်းနှီးမြုပ်နှံသူရော Sector နှစ်ခုလုံး အဝယ်သွက်တဲ့အတွက် မြေဈေးက ၃၀% ကနေ ၅၀% ထိ တကျော့ထိုးတက်သွားခဲ့ပြီ " လို့ သူကပြောပါတယ်။

 

ရင်းနှီးမြုပ်နှံမှုသဘောက အဝယ်များချိန်မှာ ရောင်းရမှာဖြစ်ပြီး အရောင်းများချိန်မှာ ဝယ်ရမယ်လို့ သီအိုရီသိကြလောက်ပေမယ့် အများစုကတော့ အဝယ်များချိန်မှာ ဝယ်ကြပြီး အရောင်းများချိန်မှာ ရောင်းကြတဲ့သူတွေ ပိုများတယ်ဆိုတာတွေ့ရတယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။