Home  / News  / News Details

News Details

သုံးနှစ်ကျော်ကြာသည်အထိ ဆူးလေရှန်ဂရီလာဟိုတယ် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး

Sep 24, 2024  /

သုံးနှစ်ကျော်ကြာသည်အထိ ဆူးလေရှန်ဂရီလာဟိုတယ်  ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေး

စက်တင်ဘာ(၂၄)ရက်။

Myanmar Property Dealer

 

 ရန်ကုန်မြို့လယ်ခေါင်ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်တဲ့ဆူးလေရှန်ဂရီလာဟိုတယ် သုံးနှစ်ကျော်ကြာသည် အထိပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အကြောင်းကို  ဟိုတယ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုပါ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ခုနှစ်  ဖေဖော်ဝါရီ (၁)ရက် မှစတင် ပိတ်ထားခဲ့ပေမယ့်လည်းဟိုတယ်နှင့် ဆက်စပ်လျက်ရှိတဲ့ Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့် လှစ်ထားရှိဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

 ရန်ကုန်မြို့လယ်တွင် တည်ရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အခန်းပေါင်း ၄၆၆ ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများဟိုတယ်အမည်ဖြင့် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ ခုနှစ် တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။

ဆူးလေရှန်ဂရီလာဟိုတယ်ဖွင့်လှစ်ခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၊ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများတွင် တာဝန်ယူထားသူများ၊ ငွေကြေးတတ်နိုင်တဲ့ ခရီးသည်များ တည်းခိုလေ့ရှိတဲ့ အဆင့်မြင့်ဟိုတယ်တစ်ခု လည်းဖြစ်ပါတယ်။