ရှမ်းပြည်နယ်မှာ တညင်းကုန်းလက်ကားဈေးကြီးနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်မယ့်
Whole Sale Market တစ်ခုတည်ဆောက်မည်
ဇူလိုင် (၁၄) ရက်။
Myanmar Property Dealer
ရှမ်းပြည်နယ်တောင်ပိုင်း မှာ
တညင်းကုန်းလက်ကားဈေးကြီးနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် Whole Sale Market တစ်ခုတည်ဆောက်နိုင်ဖို့လုပ်ဆောင်နေတယ်လို့
အများနှင့်သက်ဆိုင်သော ကုမ္ပဏီ MAEX ထံက သိရပါတယ်။
တညင်းကုန်းလက်ကားဈေးကြီးအား စီမံခန့်ခွဲလည်ပတ်နေတဲ့
မြန်မာအက်ဂရိုအိတ်(စ)ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) ကနေ ရှမ်းပြည်နယ်တောင်ပိုင်း
၊ ကလောမှာ Whole Sale Market ကိုအခုနှစ်ကုန်ပိုင်းအတွင်းဖွင့်လှစ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
" ရှမ်းပြည်နယ်တောင်ပိုင်း မှာ Whole Sale
Market ကို တည်ဆောက်သွားဖို့ရှိပါတယ်။ဒါလေးကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရင်းနှီးမြုပ်နှံလိုတဲ့
ကုန်သည် လက်လီ လက်ကားသမားကြီးတွေရော ၊ တစ်ဆင့်ပြန်ရောင်းချလိုသူတွေကိုသတင်းစကားပါးလိုပါတယ်လို့
" MAEX ရဲ့ အတွင်းရေးမှူး ဦးရဲထွန်းကပြောပါတယ်။
တညင်းကုန်လက်ကားဈေးကို လာရောက်
ရောင်းချတဲ့ အဓိက ထွက်ကုန်အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလော ခရိုင် ၊ ပင်တယ ခရိုင်အတွင်းက
စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေဆီက နေ၊ စိုက်ပျိုးထွက်ရှိလာမယ့် စိုက်ပျိုးထုတ်ကုန်တွေ
ကို တညင်းကုန်လက်ကားဈေးကြီး ကို ချိတ်ဆက် ဖြန့်ချီနိုင်မယ့် စိုက်ပျိုးထုတ်ကုန်များ
စုဆောင်းသိုလှောင်ရောင်းချတဲ့ဈေးရုံ တည်ဆောက်နိုင်ဖို့ လက်ရှိမှာ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
" တညင်းကုန်းလက်ကားဈေးကြီးလိုပဲ မြန်မာနိုင်ငံမှာထပ်ပြီး၊တခြားမြို့နယ်
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမှာ ဒီနှစ်ကုန်လောက်ဖွင့်ဖို့ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့
MAEX မှာ လာရောက်ဆွေးနွေးလို့လည်းရ ၊ ကမ်းလှမ်းလို့လည်းရပါတယ်လို့ " MAEX က ဆက်လက်အသိပေးပြောထားပါတယ်။
ရှမ်းပြည်နယ်မှာ တကယ့်စိုက်ပျိုးထုတ်လုပ်သူတွေက စိုက်ပျိုးထုတ်လုပ်လို့
ထွက်ရှိလာမယ့် ထုတ်ကုန်တွေ ကို Whole Sale Market ကတစ်ဆင့်ရန်ကုန်မြို့မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးနဲ့ချိတ်ဆက်ပြီးထုတ်လုပ်သူနဲ့ရောင်းဝယ်သူ
တိုက်ရိုက်ချိတ်ပေး တဲ့ ဝန်ဆောင်မှု ကိုဝန်ဆောင် ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။