ဆောက်လုပ်ရေးအကူအညီနဲ့ယူကရိန်းကိုဆွဲထူပေးမဲ့ဂျပန်နိုင်ငံ
စစ်ဒဏ်သင့်နေတဲ့
ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ယူကရိန်းကုမ္ပဏီများနှင့် ဂျပန်ကုမ္ပဏီများပူးပေါင်းပြီး
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက
အကူအညီပေးသွားမှာဖြစ်တယ်လို့ The Japan News သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။
ပူးပေါင်းဆောင်ရွက်မဲ့ အစီအစဉ်များတွင် အသင့်တပ်ဆင်နိုင်သော အိမ်ရာစီမံကိန်းတစ်ခုကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့
Daiwa House Industry Co.Ltd ကစီစဉ်နေတာဖြစ်ပြီး စွမ်းအင်ကဏ္ဉအတွက်ကိုလည်း ဂျပန်အခြေဆိုက်လျှပ်စစ်ကုမ္ပဏီတခုဖြစ်တဲ့
Panasonic Holdings Corporations. မှ စွမ်းအင်ချွေတာသည့် အပူစုပ်စက်များမှတစ်ဆင့် ယူကရိန်းရဲ့
စွမ်းအင်ပြတ်လပ်မှုပြသာနာကို ဖြေရှင်းပေးမယ်လို့သိရပါတယ်။
စစ်ဘေးရှောင်များနေထိုင်ရေးအတွက်ကိုလည်း
ဂျပန်နိုင်ငံပြည်တွင်းခရိုင်အသီးသီးမှစုပေါင်းပြီး ယာယီနေထိုင်ရေးအဆာက်အအုံ ၇၀၀ ခန့်ထောက်ပံ့ပေးမှာဖြစ်ပြီး အဆိုပါအဆောက်အအုံများတွင်မိသားစုတစ်စုရဲ့အခြေခံလိုအပ်ချက်ပစ္စည်းအစုံအလင်ကိုလည်းတခါတည်းထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
ယူကရိန်းကို
ရုရှားက ကျူးကျော်မှု စတင်ပြီးနောက် ဂျပန်စီးပွားရေးဝန်ကြီးဌာနဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်
အပိုဘဏ္ဍာငွေ စုစုပေါင်း ယန်း ၅၂ ဘီလီယံကို ချထားပေးခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(UNIDO) မှတစ်ဆင့် ယူကရိန်းကို ကူညီမဲ့ ဂျပန်ကုမ္ပဏီများရဲ့ ပြန် လည်တည်ဆောက်ရေး စီမံကိန်းများတွင်
ထည့်ဝင်ရန် အဆိုပါ ရန်ပုံငွေများကို ပေးအပ်ခဲ့တာဘဲဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့်ယူကရိန်းနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးအတွက်
အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ နေထိုင်ရေးအခက်အခဲကို ဂျပန်နိုင်ငံမှဦးစားပေးဖြေရှင်းပေးမှာဖြစ်ပြီး
စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာအထောက်အပံများကိုလည်း ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။