Home  / News

News

blog image

နယ်စပ်ဂိတ်များမှဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းရာတွင်အခက်တွေ့သဖြင့်ဆောက်လုပ်ရေး လုပ်ငန်း တချို့ ရပ်ဆိုင်း

Nov 19, 2023  /

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်တချို့နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာ ကြောင့် ပိတ်ထား ရပြီး ပြည်တွင်းကို တင်သွင်းလာတဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့လည်းနယ်စပ်ဂိတ်တွေမှာ ပိတ်မိနေတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတချို့ရပ်နားထား ရတယ်လို့သိရပါတယ်။

blog image

လာမည့် ရှေ့လ(ဒီဇင်ဘာ)တွင်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား နှစ်ဖက်ချဉ်းကပ်လမ်းအားလုံး ပြီးစီးမည်။

Nov 18, 2023  /

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလတံတား တစ်စင်းလုံးရဲ့နှစ်ဖက်ချဉ်းကပ်လမ်းများ လာမယ့်ရှေ့လ (ဒီဇင်ဘာ) တွင်အားလုံးပြီးစီးတော့မှာဖြစ်တယ်လို့သိရပါတယ်။

 

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့်မဲနှိုက်သည့်အပေါ်ဝေဖန်မှုအချို့ရှိခဲ့။

Nov 17, 2023  /

 ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့် လျှောက်ထား သူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး နိုဝင်ဘာ (၁၃)ရက်နှင့် (၁၄)ရက် နေ့များတွင်အဆိုပါသုခဒဂုံအိမ်ရာဝန်းအတွင်းရှိတိုက်ခန်းများရှေ့တွင်မဲနှိုက်ပေးခဲ့သော်လည်း တချို့မှာ လူကိုယ်တိုင်မလာဘဲမဲနှိုက်ပေးခဲ့တဲ့ဖြစ်စဉ်များရှိခဲ့တဲ့အပါ်ဝေဖန်မှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။

 

 

blog image

အောက်တိုဘာလအတွင်း ရန်ကုန်စည်ပင်ဧရိယာထဲ၌ အဆောက်အဦ ဆောက်လုပ်ခွင့် (၃၁၆)ခု နှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၁၁၇)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။ နိုဝင်ဘာလ( ၁၁ )ရက်။

Nov 10, 2023  /

ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ အောက်တိုဘာလအတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၃၁၆)ခု နှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၁၁၇)လုံး ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

blog image

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာ လျှောက်ထားသူများအနက် ကော်မတီမှစိစစ်၍လျှေက်လွှာများ ကို မဲ နှိုက်ပေးပြီး မဲပေါက်သူများကိုတိုက်ခန်းငှါးရမ်း ခွင့်ပြုသွားမည် ။

Nov 3, 2023  /

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့်လျှောက်ထားသူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး မဲနှိုက်ခွင့်ရှိတဲ့လျောက်ထားသူများ စာရင်းနှင့်  မဲနှိုက်ရမယ့်ရက်များကို သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် နိုဝင်ဘာ(၂) ရက် နေ့မှ စတင်ပြီး (၁၂)ရက်နေ့အထိ အသိပေးကြေညာထားတာကိုတွေ့ရှိရပါတယ်။

blog image

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်

Oct 26, 2023  /

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည် 

လယ်ယာမြေပိုင်ဆိုင် လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်မှာဖြစ်ပြီး လယ်ယာမြေဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဖောက်ဖျက်ကာ အဆောက်အအုံဆောက်လုပ်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မြေယာဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများရဲ့ သဘောတရားများကို သိရှိနားလည်နေအောင် လေ့လာထားသင့်ပါတယ်လို့ နေပြည်တော်မှာကျင်းပခဲ့တဲ့ (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေသိရပါတယ်။

blog image

အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် တရုတ်ဗိသုကာအဖွဲ့နှင့်တွေ့ ဆုံဆွေးနွေးနေ။

Oct 26, 2023  /

 

 

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့တစ်ဖွဲ့နှင့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများပြီးခဲ့တဲ့အောက်တိုဘာ၂၅ ရက်နေ့ကမြိုတော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)မှာတွေ့ဆုံဆွေးနွေးကြတယ်လို့သိရပါတယ်။

 

 

blog image

ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်မည်

Oct 20, 2023  /

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြီးကြပ် တည်ဆောက်မယ့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီ တော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက် လမ်းကူး လူသွားဥမင်တည်‌ ဆောက်ခြင်း မြေသန့်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ- ၁၉ရက်နေ့က ကျင်းပခဲ့ကြောင်းသိရပါတယ်။

blog image

ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်(FIABCI)၊အာရှပစိဖိတ်အိမ်ခြံ‌မြေကွန်‌ဗန်ရှင်း(FIABCI – Thai) အိမ်ခြံမြေ ဆုပေးပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှအသင်းဝင် (၁၀၈) ဦးတက်ရောက်

Oct 13, 2023  /

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့THE BERKELKYHOTEL.PRATUNAM မှာ အောက်တိုဘာ(၅)ရက် ၊ (၆)ရက်နေ့များတွင်ကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘ့ာအိမ်ခြံမြေအဖွဲ့ချုပ်၏အာရှပစိဖိတ်အိမ်ခြံမြေကွန်ဗေးရှင်း(FIABCI - Thai )သို့ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အဖွဲ့ဝင်(၆၀၀)ဦးတက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှအဖွဲ့ဝင် (၁၀၈)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

blog image

အောက်တိုဘာလ နှစ်ပတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၁၂၈)ခု နဲ့ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။

Oct 13, 2023  /

အောက်တိုဘာလ နှစ်ပတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၁၂၈)ခု နဲ့ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။