အမျိုးသမီးများအတွက်ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားပရိုဂရမ်လျောက်ထားနိုင်
ဩဂုတ်
(၇)ရက်။
Myanmar Property Dealer
ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ
အမျိုးသမီးများ ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်နိုင်စေဖို့ အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး ပရိုဂရမ်ကိုဆောင်ရွက်လျက်ရှိတဲ့
ဒို့အိမ် Community
Organization က အပတ်စဉ်
(၅) ကို စတင်တော့မှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ
‘’ပရိုဂရမ်ကာလတလျှောက်မှာ
ကျန်းမာရေးအာမခံနဲ့ ထောက်ပံ့ကြေးများ ပေးအပ်သွားမှာဖြစ်လို့ အသက် ၁၈ မှ ၄၀
အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့
ဘွဲ့ကြို၊ ဘွဲ့ရကျောင်းသူများအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူ အမျိုးသမီးများလျှောက်ထားဖို့ရာ
တိုက်တွန်းလိုက်ပါတယ်လို့လည်း
‘’ ဒို့အိမ်
Community Organization က ဖော်ပြထားပါတယ်။
ပရိုဂရမ်ကာလ
၃ လနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်
အလုပ်သင်ဆင်းရမယ့်ကာလ
(၁) လ၊ စုစုပေါင်း (၄)
လကြာ ပါဝင်လေ့လာရမှာဖြစ်ပြီး ပရိုဂရမ်ပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်နှင့် ဆောက်လုပ်ရေးနယ်ပယ်အတွင်း ကျွမ်းကျင်သူတွေဆီက အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ
ဆွေးနွေးမှုများကိုလည်း
ရယူနိုင်မှာဖြစ်ပြီး၊စိတ်ဝင်စားသူများအနေဖြင့်
ဒို့အိမ် ရဲ့ Facebook messenger မှတစ်ဆင့်ပါဝင်လျှောက်ထားသွားနိုင်
မှာဖြစ်တယ်လို့လည်းသိရပါတယ်။