Home  / News  / News Details

သတင်း အသေးစိတ်

သံ/ကျောက် ဈေးနှစ်ဆတက်လို့ ဆောက်လုပ်ရေးသမားတွေ အခက်တွေ့နေ

Sep 8, 2026  /

သံ/ကျောက် ဈေးနှစ်ဆတက်လို့ ဆောက်လုပ်ရေးသမားတွေ အခက်တွေ့နေ

စက်တင်ဘာ  (၈)

Myanmar Property Dealer

 

 သံဈေး၊ကျောက်ဈေး၊ တစ်နှစ်အတွင်းဈေးနှစ်ဆတက်သွားသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်တွေ့ နေကြတယ်လို့သိရပါတယ်။ ပစ္စည်းရှားပါးမှုအပြင် ဈေးနှုန်းပါဆက်တိုက်မြင့်တက်လာခြင်းကြောင့်၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင် ရန်အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုပါတယ်။

 “အဓိကက သံပဲဗျ၊ သံဈေးက အရင်နှစ်ဒီလိုအချိန်လောက်က သိန်းသုံးဆယ်အောက်ကနေတက် လာ တာ၊ အခု ငါးဆယ်(သိန်း)ကျော်သွားပြီ၊ ဆိုင်တွေမှာလည်းပစ္စည်းကသိပ်မစုံတော့ဘူး၊ ဈေးကနှစ်ဆတက်နေတာ နော်၊ နောက်တစ်ခုက ကျောက်၊ ပထမတစ်ခါမှာတဲ့ဈေးနဲ့ ထပ်မှာတဲ့ဈေးနဲ့တောင်မတူဘူး၊ တရိပ်ရိပ်တက် လာ တာ၊ မနှစ်ကနဲ့ဒီနှစ်၊ ဈေးတန်းနှစ်ဆကွာ(ဈေးမြင့်တက်)သွားပြီဟု မန္တလေးမြို့အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

 ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းခန့်က၊ တစ်တန်လျှင် ကျပ်သိန်း(၃၀)အောက်ဈေးပေါက်ခဲ့သည့် သံဈေးသည်၊ လက်ရှိတွင် (၅၅)သိန်းကျပ်နှင့်အထက်ဈေးရှိကြောင်း၊ ကျောက်တစ်ကျင်းလျှင် ()သိန်းခွဲကျပ်မှ ()သိန်းကျပ် ၀န်းကျင်အထိဈေးရောက်ရှိနေကြောင်း၊ သံဈေးကျောက်ဈေးနည်းတူ အုတ်၊သဲနှင့်ဘိလပ်မြေဈေးလည်း မြင့် တက် နေကြောင်း၊ လက်ရှိဆောက်လုပ်ရေးလုပ်ငန်းယန္တရားလည်ပတ်မှုအခြေအနေသည်၊ ကုန်ပစ္စည်းကြို လှောင်ထား နိုင်ခဲ့သူလောက်သာအဆင်ပြေနေပြီး၊ အများစုက အခက်အခဲဖြစ်နေကြကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းအချို့ အကြမ်းထည်အဆင့်တွင်ရပ်တန့်ထားရတယ်လို့လည်းသိရပါတယ်။

 သံအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး၊ ငွေကြေးဖောင်းပွမှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲနှင့် သွင်းကုန်ကန့် သတ်ချက်ဆိုင်ရာ အစိုးရမူဝါဒသတ်မှတ်ချက်အချို့ကြောင့်၊ ဈေးနှုန်းဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အသိုက်အ၀န်းသတင်းများက ဆိုပါတယ်။