Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်မြို့သစ်စီမံကိန်းပြန်လည်စတင်မည်ဟုသိရ

Dec 14, 2024  /

ရန်ကုန်မြို့သစ်စီမံကိန်းပြန်လည်စတင်မည်ဟုသိရ

ဒီဇင်ဘာ -၁၄ ရက်။

Myanmar  Property Dealer

 

 ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

 ယင်းစီမံကိန်းကို ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးမှ လုပ်ကိုင်ခွင့်ရရှိထားတယ်လို့လည်း သိရပါတယ်။

 ရန်ကုန်အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်အသုံးပြုမယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်စတင်ရန် လက်ရှိနစက လက်ထက် ၂၀၂၂ ခုနှစ်တွင် ဒါရိုက်တာအဖွဲ့ဝင်အချို့ကို အပြောင်းအလဲလုပ်ခဲ့ကြောင်း လည်းသိရပါတယ်။

 အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ကုန်ကျနိုင်မှာဖြစ်တယ်လို့  ခန့်မှန်းထားကာ လူ သန်းကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးမှာဖြစ်တယ်လို့လည်း  NYDC က ယခင်အစိုးရလက်ထက်တွင် ပြောကြားထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှုဇုန်၊ အိမ်ရာ၊ ဈေးဝယ်စင်တာ၊ အမြန်ရထား၊ ဘတ်စကား အစုံအလင်ထည့်သွင်းထားပြီး နည်းပညာသုံးစက်မှုမြို့သစ်အဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။