Home  / News  / News Details

新闻详情

လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ အိမ်ရာမြေကွက်ဖော်ထုတ်နေမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

Oct 23, 2026  /

 

လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ အိမ်ရာမြေကွက်ဖော်ထုတ်နေမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လှိုင်ရတနာမြို့သစ်စီမံကိန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးရာမှာ စီမံကိန်းဧရိယာအတွင်း မြေပြင်တိုင်းတာမှုတွေ ပြုလုပ်ပြီး စီမံကိန်းရေးဆွဲထားရှိမှု၊ သတ်မှတ်မြေကွက်တွေ ဖော်ထုတ်ပြီးစီးမှုနဲ့ လုပ်ငန်းအကောင်အထည်ဖော်နေတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် မြို့ပြစီမံကိန်းဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့အညီ စနစ်တကျ အကောင်အထည်ဖော်ဖို့၊ အခြေခံအဆောက်အအုံတွေ ပြည့်စုံကောင်းမွန်စေဖို့နဲ့ သန့်ရှင်းသာယာလှပတဲ့ မြို့သစ်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် လိုအပ်တာတွေကို ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ငွေမိုးလုပ်ငန်းစုတို့ ပူးပေါင်းအကောင်အထည်ဖော်နေတာဖြစ်ပြီး မြေကွက်တွေကို ဇုန် A၊ ဇုန် B နဲ့ ဇုန် C ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားကာ ထောင်နဲ့ချီ ဖော်ထုတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာတော့ လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ မြေကွက်တစ်ကွက်ရဲ့ ပေါက်ဈေးဟာ ကျပ်သိန်း ၈၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၄,၀၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။