အီသီယိုးပီးယား နိုင်ငံပိုင်လေကြောင်းလိုင်းသည် ၂၀၃၀ ပြည့်နှစ်အကုန်တွင် အာဖရိကရဲ့ အကြီးဆုံးလေဆိပ်ဖြစ်လာမယ့် ဒေါ်လာ ၁၂.၅ ဘီလီယံတန် တည်ဆောက်ရေးစီမံကိန်းကို အီသီယိုးပီးယားနိုင်ငံဘစ်ရှော့တူ(Bishoftu)မြို့မှာတရားဝင်စတင်လိုက်ပြီဖြစ်တယ်လို့အီသီယိုးပီးယားဝန်ကြီးချုပ်ကဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ပါကစ္စတန်နိင်ငံက မြန်မာနိင်ငံတွင် လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။
ကယားပြည်နယ် ၊လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်ပွဲမုခ်ဦးအား ဇန်နဝါရီ ၁၄ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက စက်ခလုတ်နှိပ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
နေပြည်တော်မှာ အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများကို Expression of Interest(EOI) တင်သွင်းဖို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ဖိတ်ခေါ်ထားပါတယ်။
အိမ်ခြံမြေ နှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်းများကိုအဓိကထားလုပ်ကိုင်ပေးနေတဲ့ မန္တလေးမြို့က GSM Great Services Mandalay Co.,LTD ရဲ့ကုမ္ပဏီ ရုံးခန်းနေရာသစ် ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၁ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ ၁၁၀ /အေလမ်း နှင့် ၅၁လမ်းထောင့်ရှိ GSM ရုံးခန်းသစ်မှာ ကျင်းပခဲ့ပါတယ်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား ကိုယခုလအတွင်းဖွင့်လှစ်သွားမယ်လို့တံတားတည်ဆောက်ရေးစီမံကိန်းနှင့်နီးစပ်သူများထံမှသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု စုစုပေါင်းရင်းနှီးမြှုပ်နှံမှု (၆) ခု ကို အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။
Alibaba ကုမ္ပဏီတည်ထောင်သူ ဘီလီယံနာသူဌေးကြီးဂျက်မားဟာ အမေရီကန်နိုင်ငံ New York ပြည်နယ်ထဲရှိ ဧက ၂၈၀၀၀ အကျယ်ရှိတဲ့သစ်တောနယ်မြေတခုကို ဒေါ်လာ ၂၃ သန်းဖြင့်ဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။
စီမံကိန်းအသစ်များအကောင်အထည်ဖော်ဆောင်ရွက်သွားမဲ့သတင်းများကြောင့်ပြင်ဦးလွင်မြို့အနီးဝန်းကျင်ရှိ မြေဈေးများ ထိုးတက်လာတယ်လို့သိရပါတယ်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေစျေးကွက်မှာ စျေးအမြင့်တန်းဖြင့် စျေးခေါ်မှုများရှိနေသော်လည်း ဝယ်ယူသူ နည်းပါးပြီး စျေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ် အနည်းငယ်သာရှိနေတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် များထံမှ သိရ ပါတယ်။