ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်ရသူများကို အခန်းသော့ထုတ်ပေးမည်
နိုဝင်ဘာလ (၂၁)ရက်။
Myanmar Property Dealer
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ယူပြီးသူများအား အခန်းသော့ထုတ်ပေးသွားမှာဖြစ်တယ်လို့
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချတဲ့ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ၊ အခန်းနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပြီးသူများကို အခန်းသော့ထုတ်ပေးခြင်း နှင့် အခန်းအပ်နှံခြင်းကို နေ့ရက်အလိုက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။
နေထိုင်ရန်အခန်းသော့များကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ၆ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၅၆ မှ ၆၇ ထိ၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၃၈ မှ ၄၅ ထိ၊နိုဝင်ဘာ ၂၂ ရက်နေ့တွင် ၈ခန်းတွဲ ၄ ထပ် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၁၉/၂၀/၂၂/၂၄/၄၆/၄၇/၄၉/၅၀ တို့တွင် နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမှာဖြစ်တယ်
လို့သိရပါတယ်။
အဆိုပါ အခန်းတွဲများတွင် နေထိုင်ခွင့်ရသူများသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ ၁၀:၀၀ မှ ၁၅:၀၀ နာရီ အတွင်း )နေထိုင်ခွင့်အကြောင်းကြားစာမူရင်း၊မိတ္တူ ၊ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ဝယ်ယူခွင့်ရသူ၏မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ် မှတ်ပုံတင်မူရင်း ၊ မိတ္တူ တို့ကိုယူဆောင်ပြီး သော့လာရောက်ထုတ်ယူနိုင်တယ်လို့လည်းအသိပေးထုတ်ပြန်ထားရှိပါတယ်။