Home  / News  / News Details

新闻详情

ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်ရသူများကို အခန်းသော့ထုတ်ပေးမည်

Nov 21, 2025  /

 

ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်ရသူများကို အခန်းသော့ထုတ်ပေးမည်                        

နိုဝင်ဘာလ (၂၁)ရက်။

Myanmar Property Dealer

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ယူပြီးသူများအား အခန်းသော့ထုတ်ပေးသွားမှာဖြစ်တယ်လို့  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချတဲ့ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ၊ အခန်းနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပြီးသူများကို အခန်းသော့ထုတ်ပေးခြင်း နှင့် အခန်းအပ်နှံခြင်းကို နေ့ရက်အလိုက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

နေထိုင်ရန်အခန်းသော့များကို  နိုဝင်ဘာ ၂၀ ရက်နေ့တွင် ခန်းတွဲ ထပ် တိုက်အမှတ် ၅၆ မှ ၆၇ ထိ၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ၁၂ ခန်းတွဲ ထပ် တိုက်အမှတ် ၃၈ မှ ၄၅ ထိ၊နိုဝင်ဘာ ၂၂ ရက်နေ့တွင် ၈ခန်းတွဲ ထပ် ၁၂ ခန်းတွဲ ထပ် တိုက်အမှတ် ၁၉/၂၀/၂၂/၂၄/၄၆/၄၇/၄၉/၅၀ တို့တွင် နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမှာဖြစ်တယ် လို့သိရပါတယ်။

အဆိုပါ အခန်းတွဲများတွင် နေထိုင်ခွင့်ရသူများသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ ၁၀:၀၀ မှ ၁၅:၀၀ နာရီ အတွင်း )နေထိုင်ခွင့်အကြောင်းကြားစာမူရင်း၊မိတ္တူ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ဝယ်ယူခွင့်ရသူ၏မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ် မှတ်ပုံတင်မူရင်း မိတ္တူ တို့ကိုယူဆောင်ပြီး သော့လာရောက်ထုတ်ယူနိုင်တယ်လို့လည်းအသိပေးထုတ်ပြန်ထားရှိပါတယ်။