Home  / News  / News Details

သတင်း အသေးစိတ်

တရုတ်လူမျိုးများကြောင့်လှုပ်ခတ်သွားတဲ့ကိုရီးယားအိမ်ခြံမြေစျေးကွက်

Jul 16, 2025  /

တရုတ်လူမျိုးများကြောင့်လှုပ်ခတ်သွားတဲ့ကိုရီးယားအိမ်ခြံမြေစျေးကွက်

 တောင်ကိုရီးယားနိုင်ငံသားတွေအပေါ် ကန့်သတ်ထားတဲ့ အစိုးရရဲ့မြေယာဥပဒေတွေအပေါ် နိုင်ငံသားများစိုးရိမ်မှု  မြင့်တက်လာပြီးနောက် အတိုက်အခံပါတီလွှတ်တော်အမတ်တစ်ဦးက ကိုရီးယားမှာ နိုင်ငံခြားသား အိမ်ခြံမြေဝယ်ယူမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းကို အဆိုပြုခဲ့တယ်လို့ Korea Times သတင်းစာ မှာ ဖော်ပြထားပါတယ်။

ပြည်သူ့စွမ်းအားပါတီ(PPP)ရဲ့ကိုယ်စားလှယ်ဖြစ်သူ Kim Eun-hye အဆိုပြုခဲ့တဲ့ ဒီဥပဒေမူကြမ်းမှာ နိုင်ငံခြားသားတွေ အနေနဲ့ အိမ်ခြံမြေဝယ်ယူလိုရင် ကိုရီးယားအာဏာပိုင်တွေကို ကြိုတင်အကြောင်းကြားရမယ့်အချက်ပါဝင်တာြဖစ်ပြီး လက်ရှိမှာတော့ နိုင်ငံခြားသားတွေဟာ အိမ်ခြံမြေဝယ်ယူပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အာဏာပိုင်တွေကို အကြောင်းကြားဖို့လိုအပ်တာဘဲဖြစ်ပါတယ်။ လေလံပွဲတွေကတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ လအတွင်း အကြောင်း ကြားရင် ရတယ်လို့လည်း သိရပါတယ်။

ကိုရီးယားနိုင်ငံသားတွေ အိမ်ဝယ်ယူတဲ့နေရာမှာ ကန့်သက်ချက်တွေအများအပြားရှိနေပေမယ့် နိုင်ငံခြားသား တွေကတော့ လွတ်လွတ်လပ်လပ် ဝယ်ယူလွှဲပြောင်းလို့ရနေတာက တရားမျှတမှု မရှိဘူးလို့ Kim က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပြီး ဒီပြဿနာဟာ တရုတ်နိုင်ငံသား အိမ်ဝယ်ယူသူတွေကို ဗဟိုပြုနေတာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရ အစိုးရအချက်အလက်များအရ တရုတ်လူမျိုးများဟာ  ၂၀၂၄ ခုနှစ်အထိ ကိုရီးယားတွင် နေအိမ် ၅၆,၃၀၂ လုံး ပိုင်ဆိုင်ကြပြီး ဒီပမာဏဟာ နိုင်ငံခြားသားပိုင်ဆိုင်သည့်အိမ်အားလုံး၏ ၅၆. ရာခိုင်နှုန်းကို ကိုယ်စားပြုတာဘဲဖြစ်ပါတယ်။