တရုတ်လူမျိုးများကြောင့်လှုပ်ခတ်သွားတဲ့ကိုရီးယားအိမ်ခြံမြေစျေးကွက်
ပြည်သူ့စွမ်းအားပါတီ(PPP)ရဲ့ကိုယ်စားလှယ်ဖြစ်သူ Kim
Eun-hye အဆိုပြုခဲ့တဲ့ ဒီဥပဒေမူကြမ်းမှာ နိုင်ငံခြားသားတွေ အနေနဲ့ အိမ်ခြံမြေဝယ်ယူလိုရင် ကိုရီးယားအာဏာပိုင်တွေကို ကြိုတင်အကြောင်းကြားရမယ့်အချက်ပါဝင်တာြဖစ်ပြီး လက်ရှိမှာတော့ နိုင်ငံခြားသားတွေဟာ အိမ်ခြံမြေဝယ်ယူပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အာဏာပိုင်တွေကို အကြောင်းကြားဖို့လိုအပ်တာဘဲဖြစ်ပါတယ်။ လေလံပွဲတွေကတစ်ဆင့် ဝယ်ယူမယ်ဆိုရင်တော့ ၆ လအတွင်း အကြောင်း ကြားရင် ရတယ်လို့လည်း သိရပါတယ်။
ကိုရီးယားနိုင်ငံသားတွေ အိမ်ဝယ်ယူတဲ့နေရာမှာ ကန့်သက်ချက်တွေအများအပြားရှိနေပေမယ့် နိုင်ငံခြားသား တွေကတော့ လွတ်လွတ်လပ်လပ် ဝယ်ယူလွှဲပြောင်းလို့ရနေတာက တရားမျှတမှု မရှိဘူးလို့ Kim က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပြီး ဒီပြဿနာဟာ တရုတ်နိုင်ငံသား အိမ်ဝယ်ယူသူတွေကို ဗဟိုပြုနေတာ ဖြစ်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးရ အစိုးရအချက်အလက်များအရ တရုတ်လူမျိုးများဟာ ၂၀၂၄ ခုနှစ်အထိ ကိုရီးယားတွင် နေအိမ် ၅၆,၃၀၂ လုံး ပိုင်ဆိုင်ကြပြီး ဒီပမာဏဟာ နိုင်ငံခြားသားပိုင်ဆိုင်သည့်အိမ်အားလုံး၏ ၅၆.၂ ရာခိုင်နှုန်းကို ကိုယ်စားပြုတာဘဲဖြစ်ပါတယ်။