မန္တလေးမြို့အနီးဝန်းကျင် ကျေးရွာများရှိ မြေကွက်များမှာ အရောင်းအဝယ်အချို့ပြန်ရှိလာကာ ဈေးနှုန်းများလည်းမြင့်တက်လာတယ်လို့ ဒေသခံအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှသိရပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်အကြောင်းကြားစာ ထုတ်ယူပြီးသူများအား အခန်းသော့ထုတ်ပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
တရုတ်နိုင်ငံဟာ ခေတ်မှီနည်းပညာတွေနဲ့အတူမဖြစ်နိုင်ဘူးဆိုတဲ့ကန့်သက်ချက်ကိုကျော်လွန်ပြီး ဆောက်လုပ်ရေးလောကရဲ့ စံချိန်ပေါင်းများစွာကိုအမြဲလိုလိုချိုးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။ အာရှရဲ့စီပွားရေးဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအနောက်ပိုင်းဆက်သွယ်ရေးတံခါးအသစ်တချပ်ကိုဖွင့်လှစ်ပေးမဲ့ စီမံကိန်းတခုနဲ့အတူ ကမ္ဘာ့စံချိန်သစ်တခုထပ်မံချိုးဖျက်လိုက်ပြန်ပြီဘဲဖြစ်ပါတယ်။ ဒီစီမံကိန်းကတော့ Chongqing East railway station ဘဲဖြစ်ပါတယ်။
မြဝတီ၊မဲ့ထော်သလေး KK Park နယ်မြေရှိ ကျားဖြန့်အဆောက်အအုံ(၁၁၀)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီး ကျန်(၅၂၅)လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးဖို့ရှိတယ်လို့သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့ရှိသီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်တွင် လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်များကို ပြန်သိမ်းမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးမြို့မှ ထုတ်ပြန်ထားရှိပါတယ်။
သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း(၃)၊ ကျန်စစ်မင်းအိမ်ရာအပိုင်း(၁)နှင့် ရိုးမရိပ်သာအိမ်ရာတို့ရှိ အခန်းများ ချေးငွေနဲ့ဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရပါတယ်။
မြန်မာနိုင်ငံ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအနှစ်ချုပ်အစီအရင်ခံစာအရ နိုင်ငံတွင်းမှာနေထိုင်ကြတဲ့ အိမ်ထောင်စု ၈၅% က အိမ်ပိုင်ဆိုင်ကြတယ်လို့သိရပါတယ်။
K Pop အဖွဲ့ TWICE ရဲ့အဖွဲ့ဝင် မိုမို ဟာ အောက်တိုဘာလက ဂျောင်ဂီပြည်နယ်၊ ဂူရီ ရှိ Archiul Village မှာ ဇိမ်ခံ ဗီလာတစ်လုံးကို ငွေသား ဝမ် ၄.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) နဲ့ပေးချေကာ ဝယ်ယူလိုက်တာဘဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ Luxury Condo တွေ ဝယ်လိုအား ကောင်းနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုထားတဲ့ အကြောင်းကြားစာများကို အတုပြုလုပ်ကာ လိမ်လည်မှုများရှိနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထုတ်ပြန်ထားရှိပါတယ်။