ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကစစ်ဘေးရှောင်တွေက နီးစပ်ရာမြို့တွေဖြစ်တဲ့ တောင်ကြီးမြို့၊အောင်ပန်းမြို့နှင့်ကလောမြို့တွေမှာလာရောက်ခိုလှုံနေထိုင်ကြတာကြောင့် အဆိုပါဒေသတွေမှာရှိတဲ့အိမ်ခြံမြေအငှားဈေးကွက်တွေကဈေးကောင်းနေတယ်လို့သိရပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူလိုသူများအနေဖြင့်လျှောက်လွှာတင်သွင်းပြီးဝယ်ယူနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
ဘိလပ်မြေစက်ရုံများအတွက်လိုအပ်နေတဲ့စက်မှုကုန်ကြမ်း ကျောက်မီးသွေးများကိုပြည်ပမှတင်သွင်းခွင့်ပြုတော့မှာဖြစ်တယ်လို့ ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်တဲ့ တာဝန်ရှိသူများကထုတ်ပြန်ထားရှိပါတယ်။
Mir mine လို့လည်းခေါ်တွင်တဲ့ Mirny mine ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုက်ဘေးရီးယား ဒေသရှိ Mirny၊ Sakha Republic မှာတည်ရှိတဲ့ တွင်းပွင့်စိန်တွင်း ဖြစ်ပါတယ်။ အဆိုပါသတ္တုတွင်းဟာ အနက်အားဖြင့် ၅၂၅ မီတာ၊ အချင်း ၁၂၀၀ ရှိပြီး ကမ္ဘာ့အကြီးဆုံး တူးဖော်ရရှိတဲ့ တွင်းများထဲမှ တစ်ခုဖြစ်ပါတယ်။
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ယနေ့ (ဖေဖော်ဝါရီ ၅ရက်)နေ့မှာ တတိယအကြိမ်မြောက်လေလံတင်ရောင်းချခဲ့ပေမယ့် လည်းဝယ်ယူမယ့်သူမရှိတာ ကြောင့် လေလံပွဲထပ်မံပျက်ပျယ်ခဲ့တယ်လို့သိရပါတယ်။
မကြာသေးခင်က California ပြည်နယ် Los Angeles မြို့မှာတောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားတဲ့တန်ဖိုးက ခုဆို $၂၅၀ billion ကနေ $၂၇၅ billion အထိရှိနေပြီလို့ခန့်မှန်းကြပါတယ်။ ဒါဟာအမေရိကသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ဆုံးရှုံးခြင်းပါ။ အရင်က ၂၀၀၅ မှာဖြစ်ခဲ့တဲ့ Hurricane Katrina ဟာ တန်ဖိုးအားဖြင့် $ ၂၀၁.၃ billion ရှိခဲ့ပြီး အမေရိကရဲ့ ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအန္တရာယ် အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့LA တောမီးရဲ့ ဆုံးရှုံးမှုတန်ဖိုးက Hurricane Katrina ကိုကျော်သွားပြီ။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုတဲ့ ဘိလပ်မြေများအား ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်သွင်းခွင့်ပြုကြောင်း ဘိလပ်မြေတင်သွင်းခွင့်ဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားရှိပါတယ်။
သီလဝါတန်ဖိုးနည်းအိမ်ရာရှိ လက်ကျန်အခန်း ၈၈ ခန်း ဝယ်ယူခွင့်ရရှိသူများကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ကမဲနှိုက်ပေးခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်သွားမှာဖြစ်တယ်လို့ နစကဥက္ကဌ က ပြောလိုက်တာပါ။
ထိုင်းအစိုးရက ထိုင်းလူမျိုးများအတွက်အိမ်ရာ အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စတင်စာရင်းသွင်းရန် စီစဉ်ထားကြောင်း ကြေညာလိုက်ပြီး အိမ်ခန်းပေါင်း ၁ သန်းကို ကနဦးအနေနဲ့ ထောက်ပံ့ပေးမှာဖြစ်တယ်လို့The Gulf Observer သတင်းတွင်ဖော်ပြထားပါတယ်။