မန္တလေးအိမ်ခြံမြေအရောင်း၊ အဝယ်ကြဲသွား ခြင်းက ရွှေဈေး၊ဒေါ်လာဈေးကျခြင်းပေါ်မူတည်နေပြီး တကယ့်လိုအပ်သူတွေသာဝယ်ကြပြီး၊အရင်လိုဝယ်ရောင်းတွေနည်းပါးသွားတဲ့အတွက် ဖြစ်တယ်လို့လည်း မန္တလေးအိမ်ခြံမြေဈေးကွက်ထဲမှသိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နစက ဥက္ကဌမှ ဘိလပ်မြေထုတ် လုပ်ခြင်းလုပ်ငန်းများ အပါအဝင် ကဏ္ဍအစုံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ အိမ်ခန်းငှားရမ်းခများကို အွန်လိုင်းမှတစ်ဆင့် ပေးဆောင် နိုင်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရပါတယ်။
လယ်ယာမြေနှင့်စပ်လျဉ်းပြီး သက်ဆိုင်တဲ့မည်သူမဆို သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့် မှ ဥပဒေနှင့်အညီ ချမှတ်ထားတဲ့အမိန့်ကို လိုက်နာရမှာဖြစ်တယ်လို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရဲ့လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိသူများ လိုက်နာရမယ့်စည်းကမ်းချက်များထဲမှာ ဖော်ပြထားရှိပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းကျင်းပမယ့်ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြိုရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို လာရောက်လည်ပတ်ရန်အတွက် ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလျက်ရှိနေတယ်လို ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
ထရန့်ရဲ့ ဖခင်ဖြစ်သူက Fred Trump ဖြစ်ပါတယ်။ Fred Trump ဟာ E Trump & Son ဆိုတဲ့ ကုမ္ပဏီ ထောင်လိုက်ပါတယ်။အဲဒီနောက် New York မှာ ပထမဆုံး ကိုယ်တိုင်ယူစနစ် Minimarket ကို စတင်ဖွင့်လှစ်ခဲ့ပြီး ရလာတဲ့အကျိုးအမြတ်နဲ့ ဒေဝါလီခံလိုက်ရတဲ့ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုကိုဝယ်ယူလိုက်ပါတယ်။
ငွေဆောင်ကမ်းခြေကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်အတွက် ညဈေးတန်းပုံစံ Night Life Activities များကို ဖန်တီးပေးသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲမှာ အရောင်းတင်ထားတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ လုပ်ငန်းရှင်များမှ ပုဂ္ဂလိက ထရန်စဖော်မာများ 315 KVAအထက်တပ်ဆင်အသုံးပြုရာတွင် ဌာနကိုငွေသွင်းရတဲ့သတ်မှတ်ကြေးများအပြင် အပိုကုန်ကျစရိတ်များစွာရှိနေတယ်လို့သိရပါတယ်။