ယခုရက်ပိုင်းဈေးကွက်ထဲတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအဆမတန်ဈေးမြင့် တက်နေပြီး တချို့ပစ္စည်းများမှာ ဝယ်ယူရရှိနိုင်ခြင်းမရှိတဲ့အတွက် လုပ်ငန်းနားထားရတဲ့ဆိုဒ်များရှိနေတယ်လို့သိရပါတယ်။
အမေရီကန်နိုင်ငံ ကယ်လီဖိုးနီးရားပြည်နယ် Los Angeles မြို့ရဲ့အနောက်ဘက်အပိုင်းက ဆင်ခြေဖုံးမြို့နယ် တခုဖြစ်တဲ့ ပစိဖိတ်ပါလာဆိတ်ကစတင်ခဲ့တဲ့တောမီးဟာ အခုအခါမှာတော့ လူနေအိမ်ပေါင်းများစွာရဲ့ပျက်စီး မှုအကြောင်း အရင်းတခုဖြစ်လာခဲ့ပါတော့တယ်။
မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တဲ့ ကျောက်ဖြူ - ကူမင်းရထားလမ်းစီမံကိန်းကို မြန်မာဘက်မှ စတင် လုပ်ဆောင်နိုင်ရေးတွေက မှန်းရခက်တဲ့ အနေအထားတွင် ရှိနေတယ်လို့ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) နေအိမ်ကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်တွင်ထပ်မံလေလံတင်မှာဖြစ်တယ်လို့ တရားရုံးနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
ပြန်လည်စတင်ရန်ပြင်ဆင်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို တရုတ်ဘက်မှ စိတ်ဝင်စားမှုများရှိ နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ချေးငွေယူပြီး အိမ်ဝယ်တဲ့အခါ အများအားဖြင့် အခွန် ၂ နှစ်ဆောင်ထားပြီးသားဖြစ်ဖို့လိုပါတယ်။ အဲဒီ ၂ နှစ်ဟာ W2 ဆို W2 ပဲဖြစ်ရမယ်။ 1099 ဆို 1099 ပဲဖြစ်ရမယ်။ ကဲ့... W2 ဆိုတာကုမ္ပဏီမှာ လုပ်တဲ့သူ နှစ်ကုန်ရင်ရတဲ့ စာရွက်ပါ။ Independent Contractor တွေက 1099 ရပါတယ်။ (ဥပမာ... Sushi သမား၊ Uber သမား၊ အိမ်ပြင်သမား၊ realtor စသည်ဖြင့်)။
အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားမှာြဖစ်တယ်လို့ ဇန်နဝါရီ ၇ ရက်ကပြုလုပ်တဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် အစည်းအဝေးမှာ သိရပါတယ်။
2027 AFC အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Saudi Arabia နိုင်ငံဟာဆိုရင်တော့ ကမ္ဘာ့အဆင့်မီဘောလုံးကွင်းပေါင်းများစွာနဲ့အတူအရှေ့အလည်ပိုင်းဒေသရဲ့ဘောလုံးအားကစားဗဟိုချက်အဖြစ်လူသိများကြပါတယ်။
၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံး ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ယခု ဇန်နဝါရီလတွင်ချေးငွေစနစ်ဖြင့် ချိတ်ဆက်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအိမ်ရာတွင် ကျန်ရှိနေတဲ့ ၆ ခန်းတွဲ ၅ ထပ် ၆၁ ခန်း၊ ၈ ခန်းတွဲ ၅ ထပ် ၂၇ ခန်း၊ စုစုပေါင်း ၈၈ ခန်းကိုရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။